Grade-1

ဩကာသကန်တော့ချိုး

၁။ ကန်တော့ရန်

ဩကာသ ဩကာသ ဩကာသ … ကာယကံ ဝစီကံ မနောကံ၊ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်းအကျိုးငှာ ပထမ ဒုတိယ တတိယ၊ တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်အောင် ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရား။

၂။ ဆုတောင်းရန်

ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ဝိပတ္တိတရားလေးပါး၊ ဗျသနတရားငါးပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား၊ ဖိုလ်တရား နိဗ္ဗာန်တရားတော်မြတ်ကို ရပါလို၏ အရှင်ဘုရား။

၃။ သရဏဂုံ သီလ တောင်းရန်

အဟံဘန္တေ တိသရဏေနသဟ ပဉ္စသီလံ ဓမ္မံ ယာစာမိ အနုဂ္ဂဟံ ကတွာ သီလံဒေထ မေဘန္တေ။

ဒုတိယမ္ပိ အဟံဘန္တေ တိသရဏေနသဟ ပဉ္စသီလံ ဓမ္မံ ယာစာမိ အနုဂ္ဂဟံ ကတွာ သီလံဒေထ မေဘန္တေ။

တတိယမ္ပိ အဟံဘန္တေ တိသရဏေနသဟ ပဉ္စသီလံ ဓမ္မံ ယာစာမိ အနုဂ္ဂဟံ ကတွာ သီလံဒေထ မေဘန္တေ။

(သံဃာတော် − ယမဟံ ဝဒါမိ တံ ဝဒေထ။)

(လူအများ − အာမ ဘန္တေ ပါ အရှင်ဘုရား။)

၄။ ဘုရား ရှိခိုးရန်

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။ (၃ ခေါက် ဆိုပါ။)

၅။ သရဏဂုံ ဆောက်တည်ရန်

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။

ဓမ္မံ သရဏံ ဂစ္ဆာမိ။

သံဃံ သရဏံ ဂစ္ဆာမိ။

ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။

ဒုတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ။

ဒုတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ။

တတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။

တတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ။

တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ။

(သံဃာတော် − တိသရဏဂမနံ ပရိပုဏ္ဏံ။)

(လူအများ − အာမ ဘန္တေ ပါ အရှင်ဘုရား။)

၆။ ငါးပါးသီလ ဆောက်တည်ရန်

၁။ ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

၂။ အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

၃။ ကာမေသုမိစ္ဆာစာရာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

၄။ မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။

၅။ သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

(သံဃာတော် − တိသရဏေန သဟ ပဉ္စသီလံ ဓမ္မံ သာဓုကံ ကတွာ အပ္ပမာဒေန သမ္ပာဒေထ။)

(လူအများ − အာမ ဘန္တေ ပါ အရှင်ဘုရား။)

ဩကာသ ကန်တော့ခန်း − ခက်ဆစ်အဓိပ္ပာယ်များ

tr>ကန်တော့= အပြစ်ရှိက ခွင့်လွှတ်တော်မူပါဟု ဝန်ချတောင်းပန်ခြင်းကို ကန်တော့သည်ဟု ခေါ်ပါသည်။ အပြစ်ရှိ၍ ကန်တော့ခြင်း၊ ကုသိုလ်ရလို၍ ကန်တော့ခြင်းဟု ၂ မျိုးရှိသည်။ (ကန်တော့ ဆိုသည်မှာ အကုသိုလ်ကို ကန်, ကျောက်၍ ကုသိုလ်ကို တော့, ယူခြင်းကို ဆိုလိုသည်)

ဩကာသ = ရှိခိုးပါရစေ ကန်တော့ပါရစေဟု အခွင့်တောင်းခြင်းကို သြကာသ ဟု ခေါ်ပါသည်။ လေးနက် စေလိုသောကြောင့်လည်းကောင်း၊ ထင်ရှားပျံ့နှံ့စေလိုသောကြောင့် လည်းကောင်း၊ သြကာသ ကို သုံးကြိမ် ဆိုရပါသည်။
ကံသုံးပါး = ကိုယ်ဖြင့်ပြုသောအမှုကို ကာယကံ၊ နှုတ်ဖြင့်ပြောသောဆိုအမှုကို ၀စီကံ၊ စိတ်ဖြင့်ကြံစည် တွေးသောအမှုကို မနောကံဟု ခေါ်ပါသည်။
ရတနာ = နှစ်သက် မြတ်နိုးအပ်သောကြောင့် ရတနာဟု ခေါ်ပါသည်။
ဘုရား = တရားဥဿုံ အလုံးစုံကို အကုန်အစင် သိမြင်တော်မူသောကြောင့် ဘုရားဟု ခေါ်ပါသည်။
တရား = အပါယ်ဆင်းရဲ သံသရာဝဋ်ဆင်းရဲသို့ မကျ မရောက်အောင် ဆောင်ယူနိုင်သောကြောင့် တရားဟု ခေါ်ပါသည်။
သံဃာ = အယူသီလ တူမျှခြင်းဖြင့် ပေါင်းစုဖွဲ့စည်းထားသောကြောင့် သံဃာဟု ခေါ်ပါသည်။
အရိုအသေ = ကိုယ်, နှုတ်, စိတ်သုံးပါးတို့ဖြင့် ညွတ်တွားကိုင်းရှိုင်းခြင်း၊ အလေးအမြတ်ပြုခြင်း၊ လေးစားမြတ်နိုးခြင်း။
ရှိခိုး = ရှိခိုးခြင်းမှာ ကိုယ်ဖြင့်ရှိခိုးခြင်း၊ နှုတ်ဖြင့်ရှိခိုးခြင်း၊ စိတ်ဖြင့်ရှိခိုးခြင်း ဟူ၍ သုံးမျိုးရှိပါသည်။
ကိုယ်ဖြင့် ရှိခိုး ခြင်းဆိုသည်မှာ ရတနာမြတ်သုံးပါး၊ မိဘဘိုးဘွား၊ ဆရာသမားတို့၏ဂုဏ်ကျေးဇူးကို အာရုံပြု၍ ထိခြင်းငါးပါး (ခြေ, လက်, နဖူး, တံတောင်, ဒူး) ဖြင့် ကြမ်းပြင်ကို ‘ထိ’၍ရှိခိုးခြင်းကို ခေါ်ပါသည်။
နှုတ်ဖြင့်ရှိခိုးခြင်းဆိုသည်မှာ ရတနာမြတ်သုံးပါး၏ ဂုဏ်ကျေးဇူးများကို နှုတ်ဖြင့် ထုတ်ဖော်၍ ရွတ်ဆိုခြင်း ပူဇော်ခြင်းကို ခေါ်ပါသည်။
စိတ်ဖြင့် ရှိခိုးခြင်းဆိုသည်မှာ ရတနာမြတ်သုံးပါးတို့၏ ဂုဏ်ကျေးဇူးများကို စိတ်ထဲမှ အဖန်တလဲလဲ အောက်မေ့သတိရနေခြင်းကို ခေါ်ပါသည်။
ဖူးမြော် = ပကတိမျက်စိဖြင့် ဖူးမြော်ခြင်း၊ အသိဉာဏ်မျက်စိဖြင့် ဖူးမြော်ခြင်း။
မာန်လျှော့ = မိမိသန္တန်ရှိသော မာန်မာနတရားများကို လျှော့ချဖယ်ရှားခြင်း (ရတနာသုံးပါးကို မြင့်မြတ်ရာ၌ ထားခြင်း) ကို မာန်လျှော့သည်ဟု ခေါ်ပါသည်။ (မာန်လျှော့ခြင်းကို နိဝါတမင်္ဂလာဟု မှတ်ပါ)
ကန်တော့ = အပြစ်ရှိက ခွင့်လွှတ်တော်မူပါဟု ဝန်ချတောင်းပန်ခြင်းကို ကန်တော့သည်ဟု ခေါ်ပါသည်။ အပြစ်ရှိ၍ ကန်တော့ခြင်း၊ ကုသိုလ်ရလို၍ ကန်တော့ခြင်းဟု ၂ မျိုးရှိသည်။ (ကန်တော့ ဆိုသည်မှာ အကုသိုလ်ကို ကန်, ကျောက်၍ ကုသိုလ်ကို တော့, ယူခြင်းကို ဆိုလိုသည်)
အပါယ်လေးပါး = ချမ်းသာကင်း၍ ကုသိုလ်ကောင်းမှု ပြုခွင့်မရသော အရပ်ကို အပါယ်ဟု ခေါ်ပါသည်။ (ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်)
ကပ်သုံးပါး = ငတ်မွတ်ဘေး (ဒုဗ္ဘိက္ခန္တရ)၊ လက်နက်ဘေး (သတ္ထန္တရ)၊ ရောဂါဘေး (ရောဂန္တရ) တို့ကြောင့် ပျက်စီးခြင်းကို ကပ်ဟု ခေါ်ပါသည်။
ရပ်ပြစ်ရှစ်ပါး = မဂ် ဖိုလ် နိဗ္ဗာန် မရနိုင်သည်ကို စွဲ၍ မကောင်းသောအရပ်၊ မနေအပ်သောအရပ်ကို အပြစ်ရှိသောအရပ် − ရပ်ပြစ်ဟု ခေါ်ပါသည်။
ဘုရားပွင့်ဆဲအခါ၌ −
(၁) ငရဲ
(၂) တိရစ္ဆာန်
(၃) ပြိတ္တာ (အသူရကာယ်)
(၄) ရုပ်သာရှိ၍ နာမ်မရှိသော (အသညသတ်) ဗြဟ္မာ၊ နာမ်သာရှိ၍ ရုပ်မရှိသော (အရူပ) ဗြဟ္မာများ ဖြစ်ရခြင်း။
(၅) ပစ္စန္တရာဇ် − တိုင်းစွန်နယ်ဖျား ဇနပုဒ်၌ ဖြစ်ရခြင်း။
(၆) မိစ္ဆာဒိဋ္ဌိ − အယူအဆ မှားယွင်းသူ ဖြစ်နေခြင်း။
(၇) တရားတော်ကို နားမလည်နိုင်သော ဉာဏ်မရှိသူ ဖြစ်ရခြင်း။
ဘုရားမပွင့်သောအခါ −
(၈) လူဖြစ်ရခြင်း။
(ဘုရားပွင့်ဆဲအခါ ၇ ပါး၊ မပွင့်သောအခါ ၁ ပါး = ပေါင်း ရပ်ပြစ် ၈ ပါး)
ရန်သူမျိုး ၅ ပါး = ရေ၊ မီး၊ မင်း (မင်းဆိုး၊ မင်းယုတ်)၊ ခိုးသူ၊ အမွေခံ သားဆိုး သမီးဆိုး။
ဝိပတ္တိ ၄ ပါး = ဖောက်ပြန်ချွတ်ယွင်းခြင်းကို ဝိပတ္တိဟု ခေါ်ပါသည်။ (ဂတိ၊ ဥပဓိ၊ ကာလ၊ ပယောဂ)
ဗျသန ၅ ပါး = ဆွေမျိုး၊ ဥစ္စာ၊ ရောဂါ၊ အယူ၊ အကျင့် ပျက်စီးဆုံးရှုံးခြင်းကို ဗျသနဟု ခေါ်ပါသည်။
မဂ် = နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော တရားလမ်းကို မဂ်ဟု ခေါ်ပါသည်။ (လောဘ စသော ကိလေသာတရားများကို ပယ်ဖျက်တတ်သော တရား)
ဖိုလ် = မဂ်၏ အကျိုးတရားကို ဖိုလ်ဟု ခေါ်ပါသည်။ (လောဘ စသော ကိလေသာတရားများကို ငြိမ်းအေးစေသော တရား)
နိဗ္ဗာန် = ရာဂ၊ ဒေါသ၊ မောဟတို့၏ ကင်းရာ၊ ဒုက္ခအားလုံး ချုပ်ငြိမ်းရာ ငြိမ်းအေးမှု ဓာတ်သဘောကို နိဗ္ဗာန်ဟု ခေါ်ပါသည်။