3.00 - 6.30 pm
Started on January 9, 2022Every Sunday

တနင်္ဂနွေမြန်မာစာနှင့်ယဉ်ကျေးမှုသင်တန်း

၂၀၂၂ သင်ရိုးညွှန်းတမ်းနှင့် ဆရာ ဆရာမများ

မြန်မာစာတန်းခွဲများ ကို သင်ကြားမည့် သင်တန်းချိန်၊ သင်ခန်းစာများ နှင့် သင်ယူမည့် သင်တန်းသားများကို အခြေခံ၍ အောက်ပါ အတိုင်း ခွဲခြားထားပါသည်။

သင်တန်းချိန်အရ အတန်း ( ၂ ) မျိုးရှိပါသည်။

    • ၅ နာရီ အတန်းများ ( တနင်္ဂနွေ ညနေ ၅:ဝ၀ – ၆:၃၀ )
    • ၃ နာရီ အတန်းများ ( တနင်္ဂနွေ ညနေ ၃:ဝ၀ – ၅:၃၀ )

၅:ဝ၀ မှ ၅:၃၀ အချိန်သည် ဘုရားဝတ်တက်ရန်၊ ယဉ်ကျေးလိမ္မာ တရားစကားများကို နာကြားရန် ကျောင်းသူ ကျောင်းသားတိုင်း မပျက်မကွက် တက်ရောက်ရမည့် အချိန်ဖြစ်ပါသည်။

၅ နာရီ အတန်းများ

၅ နာရီ အတန်းများသည် မြန်မာဘာသာစကားနှင့် မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းစဉ်လာတို့ကို စိတ်ပါဝင်စားစွာ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး လေ့လာသင်ယူနေသော အတန်းများ ဖြစ်ပါသည်။ BBT မြန်မာစာအတန်းများ၏ ပင်မ ရေသောက်မြစ်အတန်းများ ဟုဆိုနိုင်ပါသည်။

၅ နာရီ အတန်းများကို သင်ကြားပေးမည့် သင်ခန်းစာများအရ အောက်ပါအတိုင်း ခွဲခြားထားပါသည်။

အတန်း သင်ခန်းစာ ဆရာ၊ ဆရာမများ
Class K (Room 2) ပထမတန်း မြန်မာဖတ်စာ (၂၀၁၇−၂၀၁၈)
က မှ အ   ဗျည်း ၃၃ လုံး ၊ သရ ၁၂ လုံး ၊ ကဗျာများ ၊ အတန်းတွင်း ညွှန်ကြားချက်များ။
Class 1A (Room 3) ပထမတန်း မြန်မာဖတ်စာ (၂၀၁၇−၂၀၁၈)
အ အာ အား သရများမှ အန် အန့် အန်း သရများ အထိကို အခြေခံသော သင်ခန်းစာများ။
Class 1B (Room 4) ပထမတန်း မြန်မာဖတ်စာ (၂၀၁၇−၂၀၁၈)
အို အို့ အိုး သရများ မှ ဝဆွဲဟထိုး ရရစ်ဝဆွဲဟထိုး ဗျည်းတွဲများ အထိကို အခြေခံသော သင်ခန်းစာများ။
Class 2A (Room 5) ဒုတိယတန်း မြန်မာဖတ်စာ (၂၀၁၈−၂၀၁၉)
အင် အင့် အင်း အသတ်များ သင်ခန်းစာမှ အွန် အွန့် အွန်း အသတ်များ သင်ခန်းစာအထိကို အခြေခံသော သင်ခန်းစာများ။
Class 2B (Room 6) ဒုတိယတန်း မြန်မာဖတ်စာ (၂၀၁၈−၂၀၁၉)
အက် အသတ်များ သင်ခန်းစာမှ အုတ် အုပ် အသတ်များ သင်ခန်းစာအထိကို အခြေခံသော သင်ခန်းစာများ။
Class GCE O-Level Preparation (Room 7 & 8) GCE O-Level Burmese (Syllabus 3249) ဖြေဆိုရန် ပြင်ဆင်မှုများ ပြုလုပ်ပေးသည့် သင်ခန်းစာများ။
၃ နာရီ အတန်းများ

၃ နာရီ အတန်းများသည် မိဘများနှင့် ဆရာ/ဆရာမများ ပူးပေါင်းပြီး အတန်းစည်းကမ်းများ သတ်မှတ် ပြဌာန်းကာ မြန်မာဘာသာစကားနှင့် မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းစဉ်လာတို့ကို အင်တိုက်အားတိုက် သင်ယူနေကြသော အတန်းများ ဖြစ်ပါသည်။ မိဘများ၏ ပါဝင်ကူညီနိုင်မှု ၊ လုပ်အားပေးဆရာ/ဆရာမများ ကူညီနိုင်မှုပေါ်မူတည်၍ အတန်းများကို ဖွဲ့စည်းထားပါသည်။
၅ နာရီ အတန်းများကဲ့သို့ အမြဲပုံမှန် ရှိနေသော အတန်းများ မဟုတ်ပါ။

၃ နာရီ အတန်းများတွင် တက်ရောက် လိုပါက အကြမ်းဖျင်းအားဖြင့် အောက်ပါ အချက်အလက်များ နှင့် ပြည့်စုံဖို့လိုပါသည်။

    • တက်ရောက်လိုသော ကျောင်းသူ/သား သည် အတန်းဝင်ခွင့် စာမေးပွဲကို ဝင်ရောက်ဖြေဆို အောင်မြင်ရမည်။
    • တက်ရောက်လိုသော ကျောင်းသူ/သား သည် အတန်းမှန်မှန်တက်နိုင်ရမည်။ အချိန်မှန်မှန်လာနိုင်ရမည်။
    • တက်ရောက်လိုသော ကျောင်းသူ/သား သည် အတန်းက ပေးသော အိမ်စာကို မှန်မှန် လိုက်လုပ်နိုင်ရမည်။
    • တက်ရောက်လိုသော ကျောင်းသူ/သား၏ မိဘများသည် မိမိ ကလေး၏ သင်ယူရေး လိုအပ်ချက်များ ကို ဖြည့်စွမ်းပေးနိုင်ရမည်။ (ဝိုင်းကူ သင်ပေးနိုင်ရမည်။)
    • အတန်းစာမေးပွဲများကို ဝင်ရောက်ဖြေဆိုရမည်။

၃ နာရီ အတန်းများကို သင်ကြားပေးမည့် သင်ခန်းစာများနှင့် သင်ယူမည့်သူ အသက်အရွယ်အရ အောက်ပါအတိုင်း ခွဲခြားထားပါသည်။

အတန်း သင်ခန်းစာ ဆရာ၊ ဆရာမများ
Class 1C (Room 2)
မှတ်ချက် – K2 နှင့် အထက် ကလေးများ အတွက် သင့်လျော်ပါသည်။
ပထမတန်း မြန်မာဖတ်စာ (၂၀၁၇−၂၀၁၈)   ကိုအခြေခံသော သင်ခန်းစာများ။
Class 2C (Room 3)
မှတ်ချက် – P1 နှင့် အထက် ကလေးများ အတွက် သင့်လျော်ပါသည်။
ဒုတိယတန်း မြန်မာဖတ်စာ (၂၀၁၈−၂၀၁၉) ကိုအခြေခံသော သင်ခန်းစာများ။
Class 2E (Room 4)
မှတ်ချက် – အများစုသည် Upper Primary Level နှင့်အထက် ကလေးများ ဖြစ်ကြပါသည်။
ဒုတိယတန်း မြန်မာဖတ်စာ (၂၀၁၈−၂၀၁၉) ကိုအခြေခံသော သင်ခန်းစာများ။
Class 3A (Room 6)
မှတ်ချက် – P2 နှင့် အထက် ကလေးများ အတွက် သင့်လျော်ပါသည်။
တတိယတန်း မြန်မာဖတ်စာ (၂၀၁၉−၂၀၂၀) ကိုအခြေခံသော သင်ခန်းစာများ။
Class 4A (Room 7)
မှတ်ချက် – P2 နှင့် အထက် ကလေးများ အတွက် သင့်လျော်ပါသည်။
စတုတ္ထတန်း မြန်မာဖတ်စာ (၂၀၂၀−၂၀၂၁) ကိုအခြေခံသော သင်ခန်းစာများ။
Class 5A (Room 5)
မှတ်ချက် – အများစုသည် Upper Primary Level နှင့် အထက် ကလေးများ ဖြစ်ကြပါသည်။
ပထမတန်း မြန်မာဖတ်စာ နှင့် ဒုတိယတန်း မြန်မာဖတ်စာ သင်ကြားတတ်မြောက်ပြီးသော ကလေးများ ဖြစ်ရပါမည်။
မြန်မာ စကားပြေ စာပိုဒ်များ ၊ နေ့စဉ်သုံးစကားများ အခြေပြုသော
ဘာသာစကားဆိုင်ရာ စွမ်းရည် ၄ မျိုး
ပြည့်ဝစေရန် ဦးတည်သော သင်ခန်းစာများ။
စုံစမ်းမေးမြန်းရန်

ဘုန်းဘုန်း ဦးဓမ္မိဿရ – 9019 6246
ဆရာ ဦးအာကာ – 9749 7788
ဆရာမ ဒေါ်စန်းဝင်းကြည် – 9181 8096

Leave a comment